
iOS 7 သုံး iPhone/Pad/Pod touch များကို Jailbreak လုပ်စရာမလိုဘဲ
မြန်မာစာထည့်သွင်းနိုင်မယ့် နည်းလမ်းကို ၄.၁၁.၂၀၁၃ ရက်နေ့မှာ iOS Developer
ကိုသန့်သက်က ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနည်းလမ်းမှာ iOS ရဲ့ app တွေ function
တွေအားလုံးနီးပါးကို မြန်မာစာမြင်ရသွားပေမယ့် iOS 7 ရဲ့ Safari Browser
မှာတော့ မြန်မာစာမပေါ်သေးပါဘူး ။ အခုတော့ iOS 7 ရဲ့ Safari Browser
မှာမြန်မာစာပေါ်အောင်လုပ်နည်း ကို Developer ကိုထိန်လင်းရွှေက
လုပ်ဆောင်ပြသထားပါတယ်။အောက်မှာဆက်လက်ဖတ်ရှုရအောင်။
အရင်ဆုံး iOS 7 တင်ထားတဲ့ iDevices များမှာ Jailbreak
မလုပ်ဘဲမြန်မာစာမြင်နိုင်ဖို့အတွက် အောက်ပါ link
ကနည်းကိုအရင်လုပ်ဆောင်ထားရပါမယ်။
iOS 7 တင်ထားတဲ့ iDevices များမှာ Jailbreak မလုပ်ဘဲမြန်မာစာထည့်နည်း
ပြီးမှ အောက်က လုပ်နည်းကိုဆက်လက်ဖတ်ရှုရပါမယ်။
၁။ iOS Safari က

ကို နှိပ်ပြီးတော့ Bookmark

ကို နှိပ်ပါ။
၂။ Location ကို Bookmarks ပြောင်းပါ။ ပြီးရင် save လုပ်လိုက်ပါ။

၃။ iOS Safari က

Bookmark ကို နှိပ်ပါ။
၎။ Edit ကို နှိပ်ပါ။

၅။ Zawgyi Force ကို နှိပ်ပါ
၆။ Address နေရာမှာ အောက်က စာတွေ copy ကူးပြီး replace လုပ်လိုက်ပါ။
အောက်က ပုံလို မျိုး javascript: နဲ့ စတာလေး ဖြစ်နေရပါမယ်။

၇။ Save လုပ်လိုက်ပါ။ ဒါဆိုရင် Zawgyi Force Bookmark ရပါပြီ။ မြန်မာစာ မမြင်ရတဲ့ website မှာ

bookmark ကို ဖွင့်ပြီးတော့ zawgyi force ကို နှိပ်လိုက်ရင် ရပါပြီ။
myanmar mobile app မှ ကူးယူထားတာပါ ကျွန်တော် ကိုတိုင်လည်း စမ်းသပ်ပြီးပါပြီ
No comments:
Post a Comment
thank