img.emoticon { padding: 0; margin: 0; border: 0; }

စာတန်းထိုး

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ.........ကံပေါက်သား ဆိုက်ကို ရောက်လာတဲ့မိတ်ဆွေများ ခင်ဗျား....Blogger Templates

Saturday, December 7, 2013

FREE WIFI တွေကို AUTO ရှာပြီး ချိတ်ဆက်ပေးမယ့် - WIFI MASTER KEY - WIFI LOCATING V0.8.6 BETA 16 APK

Cover art

ခေါင်းစဉ်လေးကိုကြည့်လိုက်တာနဲ့ ဘော်ဒါများ သဘောကျသွားလိမ့်မယ်လို့ယူဆပါတယ်ဗျာ။ ကျွန်တော် လည်း သဘောကျပါတယ်။ အတော်လေးသဘောကျလို့ တွေ့တွေ့ချင်းဘဲ ချက်ခြင်းတင်ပေးလိုက်တာပါ။ စမ်းတာကတော့ မနက်ဖြန် Sunday ကျမှဘဲ အပြင်သွားရင်စမ်းရမယ်ဗျာ။ သူ့ရဲ့လုပ်ဆောင်ချက်လေးက WiFi ဖွင့်ပြီး ဒီ Application လေးကို Run လိုက်တာနဲ့ Free WiFi တွေကို လိုက်ရှာပေးပြီး လိုင်းအကောင်းဆုံး မိမိနဲ့အနီးဆုံးလိုင်းနဲ့ အလိုလျှောက်ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ ကဲဗျာ မြို့ထဲတွေမှာနဲ့ Shopping Center တွေမှာလိုမျိုး WiFI တွေအများကြီး ပြန့်နေရင်တော့ ဒါလေးနဲ့အကောင်းဆုံးပေါ့ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Saturday, November 30, 2013

thai tv 3

http://www.thaitv3.com/%E0%B8%A5%E0%B8%B0%E0%B8%84%E0%B8%A3%E0%B8%A2%E0%B9%89%E0%B8%AD%E0%B8%99%E0%B8%AB%E0%B8%A5%E0%B8%B1%E0%B8%87%E0%B8%8A%E0%B9%88%E0%B8%AD%E0%B8%873/780/245/%E0%B8%97%E0%B8%AD%E0%B8%87%E0%B9%80%E0%B8%99%E0%B8%B7%E0%B9%89%E0%B8%AD%E0%B9%80%E0%B8%81%E0%B9%89%E0%B8%B2.html

Saturday, November 23, 2013

iOS 7 ရဲ့ Safari Browser မှာမြန်မာစာပေါ်အောင်လုပ်နည်း




iOS 7 သုံး iPhone/Pad/Pod touch များကို Jailbreak လုပ်စရာမလိုဘဲ မြန်မာစာထည့်သွင်းနိုင်မယ့် နည်းလမ်းကို ၄.၁၁.၂၀၁၃ ရက်နေ့မှာ iOS Developer ကိုသန့်သက်က ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနည်းလမ်းမှာ iOS ရဲ့ app တွေ function တွေအားလုံးနီးပါးကို မြန်မာစာမြင်ရသွားပေမယ့် iOS 7 ရဲ့ Safari Browser မှာတော့ မြန်မာစာမပေါ်သေးပါဘူး ။ အခုတော့ iOS 7 ရဲ့ Safari Browser မှာမြန်မာစာပေါ်အောင်လုပ်နည်း ကို Developer ကိုထိန်လင်းရွှေက လုပ်ဆောင်ပြသထားပါတယ်။အောက်မှာဆက်လက်ဖတ်ရှုရအောင်။
အရင်ဆုံး iOS 7 တင်ထားတဲ့ iDevices များမှာ Jailbreak မလုပ်ဘဲမြန်မာစာမြင်နိုင်ဖို့အတွက် အောက်ပါ link ကနည်းကိုအရင်လုပ်ဆောင်ထားရပါမယ်။
iOS 7 တင်ထားတဲ့ iDevices များမှာ Jailbreak မလုပ်ဘဲမြန်မာစာထည့်နည်း
ပြီးမှ အောက်က လုပ်နည်းကိုဆက်လက်ဖတ်ရှုရပါမယ်။

Friday, November 22, 2013

ဖုန်းနံပါတ်ဖြောင့်၍ ဖုန်းခေါ်နည်း (for andriod phone)

2:56 PM
ဖုန်းနံပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။

Wednesday, November 20, 2013

Samsung Galaxy SII,SGH-T989(T-mobile Version)ကိုOfficial Jellybean(4.1.2)တင်ကြမယ်…



Share This
Tags
ကျွန်တော်တို့ဆီမှာဒီလို SII,SGH-T989(T-mobile Version) ကိုကိုင်တဲ့သူအရမ်းရှားမယ်ထင်ပါတယ်။ဒါပေမယ့်ဒီSII ကိုအသုံးပြုနေကြတဲ့သူတွေအတွက်မကြာသေးခင်ကမှထွက်ရှိထားတဲ့ official jellybean 4.1.2 တင်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။
Android 4.1.2 Jelly Bean Features
•Google Now
•Smart Stay
•Direct call
•Pop-up Play
•Nature UX Touchwiz
•A lot better hardware performance such as camera etc.

Samsung Official Firmware တွေရဲ့ထုံးစံအတိုင်း Odin ကိုအသုံးပြုရပါမယ်။ Download Here.

Official Jellybean(4.1.2)For Samsung Galaxy SII,SGH-T989 Firmware File Download Here.

Samsung USB Driver.Download Here (Kies ရှိပြီးသားဆိုရင်တော့မလိုတော့ဘူး)

လိုအပ်တာလေးတွေဒေါင်းပြီးပြီဆိုရင်တော့…လိုအပ်တာလေးတွေပြောရအောင်… :)
1. Phone Battery ကို 100% ရောက်အောင်အပြည့်ဖြည့်ထားပါ။
2. USB Debugging ကို On ထားပါ။Setting>>Developer option>>USB Debugging.
3. အရေးကြီး SMS,Contact တွေကို Back-up လုပ်ထားပါ။
4. Windows 7 မှာလုပ်ဖို့ Recommended ပေးပါတယ်။ :)
ဒီလောက်ဆိုရင်တော့လုံလောက်ပါပြီ။Official တင်ကြရအောင်…
——————————————————————————————–
1. Samsung Driver ကိုinstall လုပ်ပေးပါ။ဒေါင်းလို့ရလာတဲ့ Odin ကိုဇစ်ဖြည်ပြီး Administrator mode ဖြင့်Run ထားပါ။Firmware File ကိုလဲဇစ်ဖြည်ထားပါ။
2. Odin ထဲမှာ ‘Auto Reboot’ and ‘F-Reset Time’ ကိုပဲအမှန်ခြစ်ထားပါစေ။ပြီးရင် PDA ကိုနှိပ်ပါ။Firmware File ထဲက T989UVMC6_T989TMB_T989UVMC6_HOME.tar.md5 ကိုရွေးပေးပါ။
odin photo
3. USB ကြိုးတစ်စကိုကွန်ပျူတာမှာချိတ်ထားပါ။Download Mode ၀င်ရအောင် S2 ကိုပါဝါပိတ်ပါ။ ပြီးရင် Vol up+ Vol down ကိုတွဲဖိထားပြီး USB ကြိုးဖြင့်ချိတ်ဆက်ပါ။Warning ပေါ်လာရင် Vol up တစ်ချက်နှိပ်ပါ။Odin မှ Detect သိသွားပြီး ID:COM box မှာအစိမ်းဖျော့ရောင်လေးပေါ်လာပြီဆိုရင်ရှေ့ဆက်လို့ရပါပြီ။
download mode

Tuesday, November 12, 2013

photoshop ဖြင့်ဓါတ်ပုံ မှာ အရိပ်ထွက်အောင်ပြုလုပ်နည်း

ကျွန်တော် က Design သမားမဟုတ်တော့ သူများ လုပ်ထားတဲ့  Design တွေ ကိုသဘော ကျတယ်ဗျ အခုလဲ သဘောကျလို့ တင်ထားတာပါ ......



ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ.. ဆော့ဝဲလ်တွေပဲ အများဆုံး တင်ပေးဖြစ်နေတာ.. ဒီနေ့တော့ Photoshop လေ့ကျင့်ခန်းလေးတွေ မျှော်လင့်နေတဲ့ သူငယ်ချင်းများအတွက် လေ့လာလို့ အဆင်ပြေမယ့်.. လွယ်ကူ၊ ရှင်းလင်းမယ့် နည်းလမ်းလေးကို စဉ်းစားရင်း.. ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့ ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။

Wednesday, November 6, 2013

iOS 7+ တွင် မြန်မာလို ဖတ်ရှုနိုင်ပြီ

iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...



ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**

ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ချွင်းချက်အနေနှင့် Safari Browser တွင်တော့ အချို့သော မြန်မာဆိုက်များတွင် မြန်မာလို မပေါ်ပါ။ Site ၏ အားနည်းချက်ဖြစ်မည်ဟု ယူဆမိပါသည်။ အခြား (Facebook, Notes, Message) App များတွင် ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။
မြန်မာစာ ရေးနိုင်ရန် ကီးဘုတ်အတွက်တော့ ကျွန်တော်တို့ ဆက်လက် မျှော်လင့်ကြပါဦးစို့...

ယခုကဲ့သို့ မြန်မာစာကို အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဖန်တီးပေးသူ "ကိုသန့်သက်ခင်ဇော်" ကို အထူးအထူးပင် ကျေးဇူးတင်ရှိပါတယ်...

ဤသတင်းကို ကနဦး ရေးသားပေးသူ "ကိုစေတန်" နှင့် ညကြီးမင်းကြီး ကျွန်တော် အိပ်ယာဝင်ခါနီးမှ FB တွင် Tag လုပ်ပြီး သတင်းပေးလာသူ ချစ်သူငယ်ချင်းကြီး "ကိုကမ္ဘာ့ဖျာ" တို့ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်။

ကျွန်တော်တို့လို iDevice သုံးစွဲကြသူများ အနေနှင့်လည်း Developer များကို အားပေးကူညီကြတဲ့ အနေနဲ့ App များကို ဝယ်ယူသုံးစွဲကြပါလို့ "မိုးသိကြား" ဘလော့ခ်မှနေ၍ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ....


( ပြန်လည် ကူးယူ မျှဝေပေးတာပါ)      သားငယ် (ကံပေါက်သား) ကျေးဇူးတင်ပါတယ်